Glass as Glazing Material

Glass တွေ ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင် ဘယ်က စလဲ ဆိုတာတော့ သေချာတဲ့ အထောက်အထား မရှိသေးပါဘူး ခရစ်တော် မပေါ်မီ 7000 BC လောက်က ရှေးအကျဆုံး အထောက်အထားကို တွေ့ရှိခဲ့တာကြောင့် 5000 BC လောက်က အီဂျစ်တွေ Glass Production စလုပ်ခဲ့တယ် ဆိုတာထက်ကို စောနေတာမို့ အဲ့လို ပြောရတာပါ
650 BC လောက်မှာတော့ Glass တွေ ထုတ်လုပ်တာနဲ့ ပတ်သတ်တဲ့ မှတ်တမ်းမှတ်ရာတွေ ရှိခဲ့ပါတယ် 30 BC လောက်မှာ ဖန်မှုတ်ခြင်းလုပ်ငန်းတွေ ဖွံ့ဖြိုးလာခဲ့ပြီး Flat Glass တွေ လည်း စတင်ထုတ်လုပ်နိုင်နေပြီ ဖြစ်ပါတယ်

ခရစ်တော် မွေးဖွားချိန် မှာ မှန်ပြတင်း အသေးလေးတွေ စတင်အသုံးပြုနေပြီ လို့ တချို့ ကလည်း ဆိုပါတယ် ဒါပေမယ့် ဒါဟာ လုံးဝ luxury ပါ
AD 1500 လောက်မှာ ဖန်ချက်ခြင်း လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်
AD 1662 မှာ Cast Glass Process ကို ပြင်သစ်တို့က မူပိုင်ခွင့်တင်ခဲ့ပါတယ်
AD 1668 မှာ Cast Glass Process တွေကို Table process အဖြစ် Lucus De Nehau က ဆန်းသစ်ခဲ့ပါတယ်
1688 ကနေ 1900 ခုနှစ်တွေ အတွင်းမှာ Table Process ဟာ အဆင့်ဆင့် ပြောင်းလဲ တိုးတက်လာခဲ့ပါတယ်
1900 ခုနှစ်မှာပဲ မျက်နှာပြင် နှစ်ဖက်လုံး ညီညာပြန့်ပြူးတဲ့ Visual Defects မရှိတဲ့ Clear Crystal Glass တွေ ကို ဖန်တီးနိုင်ခဲ့ကြပါတယ်
1902 ခုနှစ်မှာ Fourcault process ကို Development ပြုလုပ်နိုင်ခဲ့ကြပါတယ်
ဖန်ရည် ကို nozzle တစ်ခု ကနေ ထုတ်ပြီး Glass ပြုလုပ်တဲ့ နည်းပညာ ဖြစ်ပါတယ်
1906 မှာ Colburn Pulling Process နဲ့ 1928 မှာ Pittsburg Pulling Process အစရှိတာတွေ ပေါ်ပေါက်လာကြပါတယ်
1958 ခုနှစ်မှာတော့ လက်ရှိ အသုံးပြုနေတဲ့ Float Glass Process ကို Pilkington က တီထွင် ဖော်ထုတ်ခဲ့ပါတယ်
Glass တွေ ရဲ့ Performance ကို တိုင်းတာရာမှာ Optical performance နဲ့ Thermal performance ဆိုပြီး တိုင်းတာ ဖော်ပြလေ့ရှိပါတယ်
Optical Performance တွေ အနေနဲ့

  1. Transmittance
  2. Reflectance တို့ဖော်ပြကြပြီး

Thermal performance တွေ အနေနဲ့

  1. Absorptance
  2. U Value
  3. Reflective heat gain
  4. Shading Coefficient
  5. Solar heat gain coefficient
  6. Thermal Stress
  7. Color Rendering Index အစရှိတာတွေ နဲ့ ဖော်ပြလေ့ရှိပါတယ်

R Kar
27/9/2020